Babu X ft. Ja Jar - ဗှိုက်လှုပ်ပြီးက (Shake Your Belly)
(ရေး/ဆို/ - Babu X, Ja Jar) (တီး - Babu X)
ISRC AUYHA2096909
Verse 1 (ရေး/ဆို Ja Jar)
ဗှိုက်ခေါက်ကြီးကထူ မျက်နှာကြီးကမူ
ဒါတင်မကဘူး နှုတ်ခမ်းကြီးပါစူ
ဝတ်ထားတာက Air Force 1 နဲ့ shorty
ရပ်ကွက်ထဲက ငါ့ကိုခေါ်တာ ဂေါ်လီ
မျက်ခွက်ပြောင်ပြီး လာမခေါ်နဲ့ ဖက်တီး
ပေးလိုက်မယ် ရော့ဒီမှာ လက်သီး
ငါ့ထက်ပိန်ရင် ဂုတ်ကို ခွကာ တက်စီး
မျက်စိနောက်ရင် သုတ်လိုက်မယ်နော် နပ်ချေး
ပါးစပ်ကို ဖြဲလို့ အာကိုပြဲအောင် ရယ်တိုင်းကို
မြင်တဲ့သူတိုင်း ကြည့်တဲ့သူတိုင်း ကြည့်တိုင်းငို
အော်ကြီး ဟစ်ကြယ် စကားပြောတာ အပြီရိုင်းလို့
တင်ကို လှုပ်ပြီး လမ်းလျှောက်သွားမယ် စည်ပိုင်းလို
ငါတပည့်က ရပ်ကွက်ထဲက ညှက်စိ
သူကိုခေါ်ပြီး အနိုင်ကျင့်ကာ တက်ဖိ
ပြောတာကြာတယ်ကွာ ဗှိုက်လှုပ်ရင်းနဲ့ ကကြည့်
မကတတ်ရင် ငါတို့နှစ်ယောက်ကို ထကြည့်
Hook (ရေး/ဆို Babu X)
ဗှိုက်ဗှိုက် ဗှိုက်လှုပ်ပြီးတော့ က
လိုက်လိုက် လိုက်လှုပ်ပြီးတော့ က
ခိုက်ခိုက် ခိုက်ရင်ထကြ ကဲ
ပေါင် ၂၀၀ ကျော်တဲ့လူတွေ ဗှိုက်လှုပ်ပြီးတော့ က
(ပေါင် ၂၀၀ မကျော်တဲ့လူလည်း ဗှိုက်လှုပ်ပြီးတော့ က
Verse 2 (ရေး/ဆို Babu X)
တစ်ချို့ကတော့ ကြည့်လိုက်ရင် ဆိုက်နဲ့ ဂိုက်နဲ့
ဂျားဂျားတို့က ဗှိုက်နဲ့ ဗှိုက်နဲ့
လှတာတွေ့တိုင်း နောက်ကနေ မလိုက်နဲ့
ဟေ့ ဂျာဂျား ငါ့မုန့်တွေ မနှိုက်နဲ့
အချိုဆိုရင် တွေ့တာနဲ့ မျိုပလိုက်
အမေကကျွေးတာ ဂျာဂျားက အကုန်ကြိုက်
မယုံမရှိနဲ့ သူ့ဗှိုက်ထဲမှာ ကုန်တိုက်
စားစရာတွေ ချပေးလိုက်ရင် ဂျာဂျားတို့က အကုန်ကိုက်
တစ်ခါတစ်လေ စိတ်ဆိုးရင် သူ့အမေဆူတာက
ငါရှာထားတဲ့ စည်းစိမ်တစ်ဝက်က နင့်ဗှိုက်ထဲမှာဟ
ဒီအပြောမျိုးလောက်တော့ ဂျာဂျားက အေးဆေး
ပြောနေရင်နဲ့ ဗှိုက်ဆာတယ် ထမင်းကျော်လေး နွှေးပေး
ထထထ ဗှိုက်လှုပ်ပြီးတော့က
မမဆို ဂျာဂျားကြိုက်တယ်ဟ
ညညဆို ခေါက်ဆွဲပြုတ်တွေစား
ကတဲ့အခါမှာ ဗှိုက်လှုပ်တာက များ
Verse 3 (ရေး/ဆို Ja Jar)
ရှေ့ကကောင်မလေး လှမ်းခေါ်လိုက်မယ်ဟေ့
ဗှိုက်ကိုလှုပ်ရင်း အနားမှာ လာကာ ရှိတ်
Sexy ကျလို့ မင်းပုံစံက ကိတ်
သဘောကျရင် ချိန်းလိုက်မယ်ဟေ့ ဒိတ်
ဗှိုက်ကို လှုပ်ရင်း စီးချက်ထဲမှာက
ဟိုကောင်မလေး ကြည့်လို့ကောင်းတယ်ဟ
နင်းကိုမြင်တော့ ငါစိတ်တွေက ထ
ဂျာဂျား ဘေးမှာ ကောင်မလေးတွေဟ
ဂျာဂျားမှာက အမြဲဆာတာဗှိုက်
ကြေးအိုး ဆိုရင် နှစ်ပွဲမှာကာ ဝိုက်
ကြက်ပေါင်ဆိုရင် အတင်းဖြဲကာကိုက်
အမေကလည်း နားရင်ဆွဲကာ ရိုက်
Đăng nhập hoặc đăng ký để bình luận
Đăng nhập
Đăng ký