Secret Love

Anegga, Babu X, Ye Mon (NO) - အုံ့ပုန်းအချစ် (Secret Love)

ရေး - Babu X (Hein Soe), Anegga
ဆို - Anegga, Babu X, Yee Mon (No)
တီး - Babu X
မူပိုင် - Hein Soe


Babu - Verse1
ငါတို့ တစ်ယောက်နဲ့ တစ်ယောက်က သိခဲ့ကြတာ ကြာပြီ
မင်းကို ငါကလည်း ကြည့်နေရတာ ကြာပြီ
သီချင်းရေးမယ် လုပ်တိုင်း မင်းအကြောင်းကို ငါသည်
တွေးမိလိုက်တာနဲ့ အချိန်ကုန်တာ တစ်နာရီ

အလုပ်လုပ်မိတာနဲ့ ငါ့ခေါင်းထဲကို လာပြီး
မင်းအကြောင်းပဲ တွေးအောင် ငါ့ဦးဏှောက်ကို အပိုင်စီး
ငါ့အလုပ်ချိန်တွေကို နှောက်ယှက် လွန်းတဲ့ နတ်သမီး
လျှော်ကြေးပေးတဲ့ အနေနဲ့ မင်းက ငါ့ကို ပြန်ပြီး

ချစ်သင့် နေပြီကွယ် သနားသင့် နေပြီကွယ်
ဒါမျိုးတွေကလည်း ဖြစ်သင့်နေတာ ကြာပြီကွယ်
ငါ့ဘက် ကနေလည်း ဖွင့်ပြောချင်တာ ကြာပြီကွယ်
သူငယ်ချင်း ဖြစ်နေတော့ ဖွင့်ပြောရမှာ ခက်နေတယ်

Hook
မင်းနဲ့ ငါ့ရဲ့ကြား အုံ့ပုန်း အချစ်တွေ
ပြောဖို့ ခက်တဲ့ အတွက် ငါစိတ်ညစ်နေ
မင်းကို ပြောဖို့ စကား ရင်ထဲရှိတယ်
မင်းနဲ့ ငါ့ရဲ့ ကြား အုံ့ပုန်း အချစ်တွေ

Verse2
ငါတို့ ၂ ယောက်ရဲ့ အကြောင်း ပြန်တွေးကြည့်ပါဦး
သိခဲ့ကြတာ ၂ နှစ်လောက် ရှိပြီ
သူငယ်ချင်း အဖြစ်နဲ့ပဲ ရင်းနီးမှုတွေက
တို့ ၂ ယောင်ကြားမှာ ကန့်သတ်ထားတယ်

မျက်လုံချင်း ဆုံတိုင်း မင်းပြောချင်နေတဲ့
စကားလုံးလေးတွေ ရင်ထဲက သိတယ်
ရင်ထဲ ရှိတဲ့ စကားလုံးများစွာ
ဖွင့်ပြီးပြောပါ ဖွင့်ပြောလိုက်ပါ
Đăng nhập hoặc đăng ký để bình luận

ĐỌC TIẾP