Babu X ft. Big-Y - ပြဿနာ မရှိ (No Problem)
(ရေး/ဆို - Babu X, Bigg-Y) (တီး - Babu X)
ISRC AUYHA2096902
Verse 1 (ရေး/ဆို - Babu X)
အခုခေတ် လူငယ်တွေက rap ကြိုက်တယ်
ခွေးကိုက်တဲ့ အကြောင်းလည်း ɾap လို့ကွယ်
ထမင်းစားတဲ့ အကြောင်းလည်း ɾap လိုက်မယ်
စားပြီးကျန်တဲ့ အရိုးကို ခွေးကိုက်တယ်
ဝတ်ထားတာက ပြောင်ပြောင် လက်လက် သူဌေး ဂိုက်ကွယ်
ဟန်းဖုန်း ကိုင်ပြီး ညဈေးထဲမှာ ဈေးလိုက်ဝယ်
ကန်စွန်းရွက်ကို ဘယ်လောက်လည်းလို့ မေးလိုက်တယ်
ငါကျပ် တစ်ဆယ် လျှော့ပေးလိုက်မှ ဈေးကိုက်တယ်
အခုပြောတဲ့ စကားထဲမှာ အပိုတွေမပါ
အချော အလှတွေ တွေ့ရင်တော့ လိုချင်တာ
ဘယ်သူ့ အတွက်နဲ့မှလည်း မငိုချင်ပါ
အဆင်ပြေတဲ့သူ တွေ့ရင်တော့ အိုချင်တာ
အဆင်ပြေအောင် အထာလေးနဲ့ စားပေးတာ
သတ်ပုံမှားလို့ အဟားခံရတာ ညဈေးမှာ
မိန်းမရဖို့ ဆိုတာကတော့ အသာလေးပါ
အိမ်က အမေ ကိုယ်တိုင် ရှာပေးမှာ
Hook (ရေး/ဆို - Babu X)
တစ်ဖက်သတ် ချစ်ရလည်း ပြဿနာမရှိ
အပြတ်အသတ် ချစ်ရလည်း ပြဿနာမရှိ
ယောက်ဖက လည်ပင်းညှစ်လည်း ပြဿနာမရှိ
အမေရှာပေးတဲ့ သူကိုလည်း ငြင်းစရာမရှိ
ဝဝ ကစ်ကစ် လေးလည်း ဖက်ချင်မိ
မော်ဒယ်ပုံ ဆိုရင်လည်း လက်ခံ၏
ယောက္ခမ က လည်ပင်းညှစ်လည်း ပြဿနာမရှိ
လူပျိုကြီး ဖြစ်ရမှာတော့ ကြောက်ပါ၏
Verse 2 (ရေး/ဆို - Babu X)
ပျင်းတဲ့အခါ ဝင်တာက chat ɾoom ပါ
တစ်ခါတစ်လေ လူများပြီးတော့ ကြပ်လွန်းတာ
တစ်နာရီကို ၅၀၀ ပေးပြီးမျက်ဝန်းမှာ
မျက်မှန်လေးတွေ တပ်ရတဲ့အထိ chat လွန်းတာ
မီးဖိုချေင်မှာ ချက်လွန်းတာက ထမင်းအိုးပါ
အလှုဖိတ်မှ ထမင်းအိုးလည်း နားရတာ
ဒံပေါက်စားရင်း အတင်းပြောတာ အားရစရာ
မုန့်ဟင်းခါး ကျွေးရင် ငိုသံကတော့ ကြားရတာ
တိမ်မရှိလို့ လသာတဲ့ ညတစ်ညမှာ
သူခိုးဖမ်းဖို့ တစ်ရပ်ကွက်လုံး ထကြတာ
အဖြစ်မှန်ကို သိရတော့မှ အားကျစရာ
ဝါကျွတ်တဲ့အထိ မစာင့်နိုင်လို့ ဟားရတာ
မိဘတွေက သဘောတူတယ်လို့ ကြားရတာ
သီတင်းကျွတ်ရင် ပေးစားမယ်လို့ နားချတာ
ကို လူပျိုက လက်မခံဘူး အခုညပါ
မခွဲနိုင်ဘူး ထပြီး ငြင်းတော့ ဂွကျတာ
Verse 3 (ရေး/ဆို - Bigg-Y)
Rap ကြိုက်တဲ့ လူငယ်များရဲ့ ဒုက္ခများ
တစ်ခါတစ်လေ ရည်းစားတွေလည်း မှိုလိုပေါက်အောင် ရှုပ်ကာထား
တစ်ကယ်ချစ်တဲ့ ကောင်မလေးက တရုပ် ကပြား
၁၀ တန်း မအောင်တဲ့ ငါက အလုပ်ရှာမရ
တစ်နေ့ တစ်နေ့ စားစရာမရှိ လျှော်စရာ လုပ်
အများ အမြင်မှာ ငါ့ပုံစံက ပျော်စရာမဟုတ်
မနက်ကတည်းက ဖုန်းဆက်ချိန်း ဘော်ဒါတစ်အုပ်နဲ့
မြို့ထဲပတ်ကာ game ဆိုင်သွားပြီး Dota ခုတ်
Dota ခုတ်ပြီး မြို့ထဲပတ်ရင် လိုက်မယ် ခဏ
Rapper ဦးထုပ် ရောင်းတဲ့ ဆိုင်မှာ စိတ်ကြိုက်ဝယ်ကြ
NewEra ခေါင်းပေါ် တင်ကြည့် လိုက်ရဲ့လား
အချင်းချင်း မြှောက်လို့ ပေးတာက ဟေ့ သောက်ရမ်း မိုက်တယ်ဟ
မြှောက်ပေးတိုင်း ဝယ်လို့အကျွေးတွေ တက်လာပြီ
လူတွေရှေ့မှာ လိုက်ပြီးတောင်းရင်တော့ ရှက်စရာကြီး
ခဏစောင့်ပါ ဖိန့်ဖိန့်နဲ့ လက်ကာပြီး ပြောတာ
Rapper တွေမှာ ငွေရေးကြေးရေး ပြဿနာ မရှိ