Babu X ft. Ja Jar - မင်းနဲ့ပြတ်ရင် (Breakup)
(ရေး/ဆို - Babu X, Ja Jar) (တီး - Babu X)
ISRC AUYHA2096907
Verse 1 (ရေး/ဆို - Babu X)
ရည်းစားလေး ထားမိပါတယ် စကားအများကြီး ပြောရတယ်ကွယ်
တစ်ခါတစ်လေ လည်းတိတ်တိတ် ဆိတ်ဆိတ် အေးဆေးပဲ ချစ်ချင်တယ်
စကားတွေလည်းထပ်နေပြီ ဖုန်းဖိုးလည်း တက်နေပြီ
နားညီးတယ် ငါကပြောတော့ မင်းကငါ့ကိုဖြတ်လေပြီ
စိတ်ကောက် စိတ်ကောက် မင်းကြိုက်သလောက် စိတ်ကောက်
ငါကလည်းနားမငြီးတော့ မင်းဆီကို စိတ်မရောက်
မင်းဘက်က မနေနိုင်လို့ ဖုန်းဆက်တာ အခေါက်ခေါက်
ဒါပေမယ့် ငါ့ခေါင်းထဲမှာ အချောအလှ ခြောက်ယောက်
မင်းမရှိတော့ ငါတစ်ယောက်တည်း လမ်းဆက်လျှောက်ဖို့ ခက်ပြီဟေ့
အဲဒီတော့ ဘာဖြစ်လည်း Taxi ငှားပြီး သွားမယ်ဟေ့
ညဘက်ဆို တစ်ယောက်တည်း မင်းမသိအောင်ငါလျှောက်ကဲ
စိတ်ကောက်ပြီး ဖုန်းမဆက်လည်း ငါဘက်ကတော့ အေးဆေးပဲ
Hook (ရေး/ဆို - Babu X)
(မင်းနဲ့ပြတ်ရင် အသဲကွဲမယ် နောက်တစ်ယောက် မရခင်အထိ
ရည်းစားကဖြတ်ရင် အသဲကွဲမယ် နောက်တစ်ယောက် မရခင်အထိ) x 2
Verse 2 (ရေး/ဆို - Babu X)
ကာရံတွေထပ်မှာစိုးလို့ ခေါင်းစားခံပြီး ရေးရတယ်
မင်းနဲ့ပြတ်တာ အကျိုးရှိအောင်လို့ သီချင်းတစ်ပုဒ်လောက်တော့ ရေးရမယ်
မင်းအကြောင်းကို ခံစားရေးဖို့ ရင်ထဲမှာ ဘာမှမရှိ
ခေါင်းထဲမှာ ဗလာနတ္တိ မင်းမွေးနေ့တောင် မမှတ်မိ
ဒီလိုနဲ့ ပြတ်ပြီလေ ဒါမျိုးတွေက ကြုံရလွန်းလို့
ရပ်ကွက်ရုံးရောက်နေပြီ ညဘက်ဆိုရင် ဆူကြလွန်းလို့
ယပ်တောင်တွေ ခတ်နေပြီ နေ့ဘက်ဆိုရင် ပူကြလွန်းလို့
စဉ်းစားရကြပ်နေပြီ မိန်းကလေးတွေက မူကြလွန်းလို့
ရင်ပူလို့ စိတ်ညစ်ရင် တစ်ချို့ကတော့ ငိုကြတယ်
မိုက်ကဖုန်း ကိုင်ချင်တဲ့သူ ကာရာအိုကေ ဆိုကြတယ်
ကာရံတွေ အမိုက်စားရေးပြီး Rapper တွေလည်း ငိုချတယ်
ငါရေးတဲ့ အသဲကွဲသီချင်း မိန်းကလေးတွေကို ဆိုပြမယ်
Verse 3 (ရေး/ဆို - Ja Jar)
ဘာလုပ်လုပ် အကောင်းမမြင်တာ မင်းဘက်က အမျိုးတွေ
ငါရှေ့မှာ လာမငိုနဲ့ မင်းမျက်နှာ အချိုးမပြေ
လိုက်ပြီးတော့ အာရုံမနောက်နဲ့ ငါ့ရဲ့ရှေ့က ဒိုးလေ
ငါကတော့ အမြဲတမ်းပဲ သူငယ်ချင်းတွေနဲ့ ဆိုးပေ
ဆိုးပေရင်း ရှေ့သို့ဆက်မယ် မင်းထင်တာ မေ့ဖို့ခက်တယ်
အကြင်နာတွေ အများကြီးပဲ တစ်ခြားတစ်ယောက်စီ ပေးဖို့အတွက်ကွယ်
ပြေးလို့ထွက် ငါ့ရဲ့အကြောင်းကို မင်တို့သေခြာ စူးစမ်း
ငါကတော့ အေးဆေးပဲ one go ရင် two come