Act a Fool

Babu X - ရူးချင်ယောင်ဆောင် (Act A Fool)
(ရေး/ဆို/တီး - Babu X)
ISRC AUYHA2096906

Verse 1
အိပ်ယာဝင်နောက်ကျခဲ့လို့ နေမြင့်မှ ငါနိုး
ခေါင်ထဲက မကြည်လင်လို့ coffee ကိုအားကိုး
အမေက စီစဉ်နေတာ အိမ်ပေါ်က နှင်ဖို့
ငါကတော့ ထုံးစံအတိုင်း ရူးချင်ယောင်တွေ ဆောင်လို့

မပြီးသေးပဲ ကျန်နေတဲ့ အလုပ်ကိစ္စကို အကြောင်းပြ
စိတ်ဆိုးပြီး ဒေါသထွက်တဲ့ အမေ့ကိုလည်းချော့ရ
ဖုန်းချကလည်း ခဏခဏလာလို့ မြန်မြန်ပြောဖုန်းချ
ဒီနေ့ည ဘယ်သူနဲ့လည်း ချိန်းထားတာ တွေးမရ

အမေ့ကို ချော့ပြီးတော့ အိမ်အပြင်ကို ထွက်ခဲ့
ချော့ရတဲ့ ကိစ္စက ဒီမှာတင် မပြတ်ခဲ့
အကြောင်းပြချက် လှလှတွေကို တွေးထားတာ မမေ့နဲ့ချိန်းထားတာ နောက်ကျလို့ စိတ်ကောက်ပြီး စောင့်လျှက်

ရည်းစားလေး ထားမိပါတယ် ချစ်ရတာ နည်းနည်း
အားတာနဲ့ ဆုံးမစကားတွေ ကြားရတာ အမြဲပဲ
နားညီးတယ် ပြောဖို့ကလည်း စိတ်ကောက်မှာ ကြောက်ရဲ့
နောက်ဆုံးတော့ ထုံးစံအတိုင်း ခေါင်းညှိတ်ပြီး ပြန်ခဲ့

Hook
အမေက ဆူနေပြီ ရူးချင်ယောင်ဆောင်
ရည်းစားနှင့် တွေ့ရင်လည်း ရူးချင်ယောင်ဆောင်
အကြွေးရှင်နှင့် ဆုံခဲ့ရင် ရူးချင်ယောင်ဆောင်
ရှုပ်ခဲ့သမျှ လူသိရင် ရူးချင်ယောင်ဆောင်

အလှုအိမ်မှာ ဖိနပ်ပျောက်ရင် ရူးချင်ယောင်ဆောင်
သူငယ်ချင်းက ပိုက်ဆံချေးရင် ရူးချင်ယောင်ဆောင်
ဂျာနယ်မှာ ဖွနေပြီ ရူးချင်ယောင်ဆောင်
အတင်းတွေလည်းပြောနေကြပြီ ရူးချင်ယောင်ဆောင်

Verse 2
ရူးချင်ယောင်ဆောင်ရလွန်းလို့ အိုက်တင်က အပိုင်ပဲ
ဗေလုဝ မင်းသားဖြစ်တာ ဘီလူး ဆိုတဲ့ စတိုင်နဲ့
အရူးကား ရိုက်မယ်ဆို မင်းသားက ငါပဲ
သရုပ်ဆောင်တွေကောင်းလွန်းလို့ အကယ်ဒမီတွေပိုင်ခဲ့

မျက်စိမှိတ် တွေးကြည့်ပါ အလှုအိမ်မှာ ဖိနပ်ပျောက်ရင်
မင်းဆိုရင် ဘာလုပ်မလည်း တွေ့တဲ့ဟာ ကောက်စွတ်ချင်
ပိုင်ရှင်က မြင်သွားလို့ မင်းကိုပဲ စွတ်ဟောက်ရ
ရူးချင်ယောင်ဆောင်ပြီးတော့ နောက်တစ်ရံကို ကောက်ဖို့ပြင်

​လျှောက်ခဲ့တဲ့ လမ်းက အရူးတစ်ယောက်လို့ ရှုပ်ရှုက်
နေရာစုံ ရောက်ခဲ့လို့ လက်ထဲမှာက ဂျောက်ဂျက်
ဂျာနယ်မှာပါသမျှကို ထိုင်ပြီးတော့ ဟားလျှက်
Hip Hop တွေ နာမည်ကြီးတော့ တစ်ချို့တွေက အမုန်းဖတ်

တည်ငြိမ်တဲ့ စိတ်ဓာတ်ရှိရင် ကလေးတွေနဲ့ မပြိုင်နဲ့ကွယ်
ဂီတကို ဝေဖန်သူက ဂစ်တာ တောင် မကိုင်တတ်တယ်
တစ်ခါလာလည်း hip hop က ဘာဖြစ်တယ်ညာဖြစ်တယ်
ခင်ဗျားတို့ မုန်းကြပေမယ့် ပရိတ်သတ်က တစ်ကယ်ချစ်တယ်
Đăng nhập hoặc đăng ký để bình luận

ĐỌC TIẾP