Anegga, Babu X, Alex - ဓာတ်စာ (ရည်းစားလိုတယ်) (Need A Girl)
ရေး - Babu X (Hein Soe), Anegga, Noel (Win Bo)
ဆို - Anegga, Babu X, Alex
တီး - Babu X, Aye Soe
မူပိုင် - Hein Soe
Babu Verse 1
လောကကြီးက မတရားဘူး ပြောပြချင်တယ်/ ဘယ်နေရာကို သွားသွား မြင်နေ တွေ့နေရတယ်
အတွဲလေးတွေ ကိုယ်စီနဲ့ အဆင်ပြေနေကြတယ်/ ပန်းခြံထဲကို သွားပြီးတော့ ကြင်နာနေကြတယ်
မြင်နေတဲ့ ကွန်တော်တို့လည်း လိုချင်ပါတယ်/ လိုနေတာ ဘာတွေလည်း? အကြင်နာတွေကွယ်
အကြင်နာတွေ ဘယ်မှာလည်း? ဒီရင်မှာပဲ/ ကြင်နာချင်ရင် လာခဲ့ လာခဲ့ အချစ်တွေကို ပေးမယ်
Alex chorus
ရည်းစားလေး တစ်ယောက်တော့ လိုနေတာပေါ့
ငါ့မှာလည်း အသဲနဲ့ပဲ ချစ်တတ်ပါတယ်
ရည်းစားလည်း မရှိတော့ ငိုချင်တာပေါ့
ရှိရှိ သမျှ အချစ်တွေ အကုန်လုံး ပေးလိုက်ပါမယ်
Babu Verse2
ချစ်တယ်လို့ ပြောရတာလည်း တကယ့်ကိုများပြီ/ ငါလိုက်ခဲ့တဲ့ မိန်းကလေးတွေ တကယ့်ကို အများကြီး
ဘယ်သူမှလည်း ပြန်မကြိုက်ဘူး ငါ့ဘဝက သွားပြီ/ ပြန်မကြိုက်လည်း ဂရုမစိုက်ဘူး ကျန်သေးတယ် အများကြီး
ကျန်သေးတယ် ကောင်မလေးတွေ အများကြီး ကျန်သေးတယ်/ စာပေးမယ် အားလုံးကို ရည်းစားစာ ပေးမယ်
ဖုန်းဆက်ပြီး ညညဆိုရင် တယ်လီဖုန်းလေးနဲ့ ပြောမယ်/ အားလုံးကို ပြောချင်တယ် ကိုယ့်ကို ပြန်ချစ်ကွယ်
Verse3
(ရည်းစား တစ်ယောက်တော့ လိုချင်တယ်
ရှာပေးကွယ်
အချစ်တွေ ရင်မှာ ပိုနေတယ်
အကုန် ပေးမယ်) x 4